Mohinga မုန့်ဟင်းခါးချက်နည်း
မုန့်ဟင်းခါးချက်နည်း (၄)မျိုး
တောင်ငူ မုန့်ဟင်းခါး ဟင်းရည်ကျဲ
ပါဝင်ပစ္စည်းများ
********************
မုန့်ဖတ် - 1000 g
ငါးခူ - 500 g
ဆား - ထမင်းစားဇွန်း တစ်ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
စပါးလင် - ၃ချောင်း
ချင်း -၂လက်မခန့်
ငါးပိရည်ကျို အနှစ် - ထမင်းစားဇွန်း သုံးဇွန်း
ပုဇွန်ငပိ - မင်းစားဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ငါးဆီသတ်ရန်)
ကြက်သွန်နီ - အလုံးသေး အလုံး ၂၀ခန့် (ဆီချက်ချက်ရန်နှင့် ဟင်းရည်ထဲ ခတ်ပေးရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တစ်ဝက်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
ကောက်ညှင်းပေါက်ပေါက် ဆန်လှော်မှုန့် - လိုသလောက်
ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပဲကြော် - လိုသလောက်
ပဲသီး - လိုသလောက်
နံနံပင် - လိုသလောက်
ခရမ်းချဉ်သီး - လိုသလောက်
ငြုပ်သီးအလှော်မှုန့် - လိုသလောက်
ကြက်ဥ - လိုသလောက်
သံပုရာသီး - လိုသလောက်
ငါးပြုတ်ရန် ပြင်ဆင်ပုံ
********************
၁။ ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ။ ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ။ ငါးအရည်ခွံတော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ။
၂။ ဇောက်နက်သော အိုးတလုံးထဲမှာ ရေဆေးထားသော ငါးခူ ပုဇွန်ငါးပိ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့် စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။
ငါးအသား နူးလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ။ အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုတ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားပါ။
ငါးဆီသတ်ရန်
********************
၁။ ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ။ ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ။
ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ။ စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ညက်နေအောင် ထောင်းပေးပါ။
၂။ ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ။ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ။ ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ။ ဆီသတ်နံ့ သင်းလာပြီ ဆိုတာနဲ့ မီးပိတ်ပေးထားပါ။
ဟင်းရည်ချက်ရန်
********************
၁။ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ။ ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ။ ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ။ ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ။ ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ။
၂။ ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပြီ ဆိုရင်တော့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ။ ပြီးတာနဲ့ အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ။ အရသာ ပြင်ပေးပြီးတာနဲ့ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
********************
၁။ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ။ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ။ ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ ကြက်သွန်များ အဝါရောင် သန်းလာပါက ဆီပြီးဆီစစ်ထားပါ။ ဆီချက်အေးသွားတော့မှ ကြက်သွန်ကြော်နှင့် ပြန်ရောထားပေးပါ။ကောက်ညှင်းပေါက်ပေါက် ဆန်လှော်ထောင်းရန်
ကောက်ညှင်းစပါးကိုလှော်ပြီး ရလာသော ပေါက်ပေါက်ကို မညက်တစ်ညက်လေး ရလာအောင် ထောင်းထားပါ။
မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
********************
၁။ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ။ ပူစီနံကို ရေဆေးပြီး ပြင်ထားပါ။ ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ။ ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ။ ကောက်ညှင်းဆန်လှော်မှုန့် ပြင်ထားပါ။ ကြက်သွန်ဖြူဆီချက် ပြင်ထားပါ။ မုန့်ဖတ်ကို ပြင်ထားပါ။
၂။ ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ။ သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ။ ဟင်းရည်ကို ပူပူလေး ဖြစ်အောင် ပြင်ထားပေးပါ။ လိုအပ်သော ပါဝင်ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိတို့ နှစ်သက်သလို စားသုံးနိူင်မည့် တောင်ငူ မုန့်ဟင်းခါးကို ရပါပြီ။
မူရင်းရေးသားသူကို credit ပေးပါတယ်။
----------------------------------------
ရွှေကြည်မှုန့် မုန့်ဟင်းခါး
********************
ပါဝင်ပစ္စည်းများ(မိသားစု ၄ယောက်စာအတွက်)
********************
၁။ မုန့်ဖတ် - တစ်ကီလို
၂။ ငါးဆီသတ်ပြီးသား - လက်ဖက်ရည်
အကြမ်းပန်းကန် - တစ်လုံးမောက်မောက် (ဖိထည့်ပေးပါ)
၃။ ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
၄။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၅။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၆။ မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း သုံးဇွန်း
၇။ ရွေကြည်အလှော်မှုန့် - ထမင်းစားဇွန်း ၇ဇှနျး
၈။ ကြက်သွန်နီ - အလုံးသေး ၁၀လုံး
၉။ ငှက်ပျောအူ - မိမိနှစ်သက်သလောက်
၁၀။ ကြက်ဥ - နှစ်လုံး
၁၁။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
၁၂။ ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
၁၃။အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၁၄။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၁၅။ နံနံပင် - မိမိနှစ်သက်သလောက်
၁၆။ ပဲသီး - မိမိနှစ်သက်သလောက်
၁၇။ ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
၁၈။ ခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
၁၉။ ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
၂၀။ သံပုရာသီး - မိမိနှစ်သက်သလောက်
၂၁။ ပဲကြော် - မိမိနှစ်သက်သလောက်
၂၂။ ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
၂၃။ ရေ - နှစ်ခွက် (ဆန်မှုန့် အရည်ဖျော်ရန်)
၂၄။ ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
၂၅။ ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
၂၆။ ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
၂၇။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ကုလားပဲခြမ်းပြုတ်ရန်
********************
၁။ ကုလားပဲခြမ်းကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲကို ထည့်ပေးပါ။ ထိုအိုးထဲမှာ ပဲအထက် ရေလက်သုံးလုံးလောက်နှင့် ဆား နနွင်းမှုန့်တို့ထည့်ပြီး ပဲကိုပြုတ်ပေးပါ။ ပဲအိုးထဲမှ ရေခမ်းသွားပြီး ပဲနူးသွားပါက မီးပိတ်ပြီး အအေးခံထားပါ။ ပဲများအေးသွားပါက ပဲများကျေသွားအောင် ချေပေးပြီး ဇကာတိုက်ပြီး စစ်ပေးထားပါ။
ဟင်းရည်အိုးတည်ရန်
********************
၁။မြေပဲကို မညက်တစ်ညက် ထောင်းထားပါ။ ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ။ ရွှေကြည်အလှော်မှုန့်ကို ရေ နှင့် ဖျော်ထားပါ။ ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ဆို့ကို ပြင်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ။ ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ။
၂။ ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ။ ကြက်ဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ။ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ ဆား ငါးငံပြာရည် မြေပဲထောင်း အချိုမှုန့် ငါးဆီသတ်နှင့် ပဲအနှစ်များကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ။ ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက အရည်ဖျော်ထားသော ရွှေကြည်အလှော်မှုန့် ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ။ ဆန်မှုန့်များ အနည်ထိုင်ပြီး အိုးမက်စေရန် မကြာမကြာ မွှေပေးပါ။ ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ။
၃။ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ။ အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။ ဟင်းရည် ခပ်ပြစ်ပြစ် မကြိုက်ပါက ရေနွေးဆူပြီးသားကို လိုသလောက် ထပ်ရောပြီး အရသာကို အနည်းငယ် ပြင်ပေးနိုင်ပါတယ်။ ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်။ဆန်လှော်မှုန့်မရှိက ရွှေကြည်အလှော်မှုန့်ကို ဆန်မှုန့်အချိုးအစားထက် နည်းနည်းလျော့ထည့်ပြီး ထည့်ချက်နိုင်ပါတယ်။
ဆီချက်ချက်ရန်(မုန့်ဟင်းခါးထဲ ထည့်စားရန်)
********************
၁။ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ။ ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ ။ ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ထဲ့ကြော်ပေးပါ။ ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ။ ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ကြက်သွန်ဖြူထောင်းကိုဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ။ ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောထည့်ပေးထားပါ။
မုန့်ပွဲပြင်ဆင်ရန်
********************
၁။မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ။ နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ။ ပဲသီးကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပေးပါ။ ပူစီနံကို ရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ။ သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပေးပါ။ ပဲကြော်နှင့် ငါးဖယ်ကြော်ကို ။ မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ။
၂။ ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ။ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပြင်ထားပေးပါပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ ထည့်ပေးနိုင်ပါတယ်။မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။
မိမိတို့စိတ်ကြိုက်မူရင်းရေးသားသူကို credit ပေးပါတယ်။
----------------------------------------
ကြက်သား မုန့်ဟင်းခါး
********************
********************
ကြက်သား ၄၀ဝ ဂရမ် (၂၅ ကျပ်သားခန့်)
ကြက်သားမှုန့် စားပွဲဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းများချင်း ၁ လက်မအရွယ်
စပါးလင် ၃ ချောင်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁၀ မြွှာ
ကြက်သွန်နီဥသေး ၁၀ လုံး
နနွင်းမှုန့် အနည်းငယ်
ဆား သင့်ရုံ
ငံပြာရည် သင့်ရုံ
ငါးပိ စားပွဲဇွန်း ၁ ဇွန်း (မောက်မောက်)
မွှေးကုလားပဲ အစိမ်းမှုန့် ၄၀ ဂရမ် ( ၂ ကျပ်ခွဲသား)
ဆီ ၄၀ ဂရမ်ခန့်
ရေ အနည်းငယ်
ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
တွဲဖက်စားရန်
********************
ကြက်ဥပြုတ်၊ ဘဲဥပြုတ် ၅ လုံး
နံနံပင်၊ ပဲသီး
ငရုတ်သီးလှော်ထောင်း
နှစ်သက်ရာ ဘူးသီးကြော်၊ ပဲကြော်
မုန့်ဖတ် ၅၀ ကျပ်သား
ပြုလုပ်နည်း
********************
၁။ ဟင်းရည်ချက်မည့်အိုးထဲ ကြက်သား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငါးပိ၊ ငံပြာရည်၊ ရေ အနည်းငယ် တို့ထည့်ပြီး ပြုတ်ပါ။ မီးအေးအေးနဲ့ ကြာကြာပြုတ်ပါ။ သို့မှသာ အသားနူးမြည့်ပြီး အချိုရည် ထွက်လာပါမယ်။
၂။ ကြက်သားနူးသွားသည့်အခါ အိုးမှ ဆယ်ယူပြီး အအေးခံ၍ အသားနွှင်ပါ။
၃။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။
၄။ ချင်း၊ ကြက်သွန်ဖြူနှင့် စပါးလင်အရင်းပိုင်းတို့ကို သီးသန့်စီ ညက်အောင်ထောင်း။ ။
၅။ ကုလားပဲအစိမ်းမှုန့်ကို ရေအနည်းငယ်နဲ့ သမအောင် ဖျော်ထားပါ။ အဖုအခဲများ လုံးဝမကျန်စေရပါ။
ကြိတ်ထားပါ
၆။ ဆီသတ်မည့်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်နီနှင့် နနွင်းမှုန့်ထည့်၍ ကြော်ပြီး ဆီသတ်ပါ။ တော်တော်ကြီး နွမ်းလာသည့်အခါ ထောင်းထားသည့် ကြက်သွန်ဖြူ၊ စပါးလင်နှင့် ချင်းတို့ကို ထည့်ပြီး ဆီသတ်ပါ။ ရွှေဝါရောင်ပြောင်းပြီး ဆီထွက်လာသည့်အခါ ငရုတ်သီးအရောင်တင်မှုန့်နှင့် ကြက်သားတို့ကို ထည့်မွှေပါ။ မီးအေးအေးနဲ့ မကြာခဏမွှေပေးနေပြီး ဆီပြန်လာသည့်အခါ ပဲရည်ထည့်မွှေပါ။ အိုးကပ်တတ်သည့်အတွက် မီးအေးအေးနဲ့သာ မွှေပေးနေပါ။ ဆီသတ်ပြီးလျှင် ကြက်သားပြုတ်ရည်အိုးကို မီးဖိုပေါ် ပြန်တည်ပါ။
၇။ ကြက်သားပြုတ်ရည်ကို ဆူပွက်အောင်တည်ပြီး ဆီသတ်ထားသည်များကို ထည့်မွှေပါ။ မီးမြှင့်ပြီး ဆူအောင် တည်ပါ။
၈။ ကြက်သွန်နီဥသေးများကို အခွံနွှာပြီး ထည့်ပါ။ ဟင်းရည်ဆူပွက်လာသည့်အခါ မီးလျှော့ပြီး မီးအေးအေးဖြင့် တည်ထားပါ။ အနည်းဆုံး ၃ နာရီခန့် တည်ထားသင့်ပြီး ရေခန်းသွားလျှင် ရေဆူဆူကို ထပ်၍ ရောနိုင်ပါတယ်။ ဟင်းရည်အရသာမြည်းပြီး လိုအပ်သလို ဆားအပေါ့အငန် ပြုပြင်ပါ။
ဟင်းအရသာကောင်းလာသည်အထိ
၉။ တွဲဖက်စားသုံးရန် ကြက်ဥပြုတ်၊ ဘဲဥပြုတ်၊ အကြော်၊ နံနံပင်၊ ပဲသီးနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီး သုံးဆောင်ပါ။
မူရင်းရေးသားသူကို credit ပေးပါတယ်။
----------------------------------------
မြိတ် မုန့်ဟင်းခါး
********************
********************
၁။ မုန့်ဟင်းခါးဖတ် ၁ပိသာ
၂။ ငါးကြင်း ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းပါဝင်ပစ္စည်းများမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
၃။ ဌက်ပျောအူ ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ ၁စည်း (ပါးပါးလှီးထားပါ)
၅။ ကြိုက်နှစ်သက်ရာ အကြော်
ဆီသတ်ရန် ပါဝင်ပစ္စည်းများ
********************
၁။ ကြက်သွန်နီ ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း ၅ကျပ်သား (ထောင်းထားပါ)
၄။ စပါးလင် ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ ၁၀ကျပ်သား
၆။ ငရုတ်ပွနီ ၅ထောင့် (ထောင်းပြီ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ ၂၀လုံး (အခွံခွာထားပေးပါ)
ကြိတ်ထားကာ
ပြင်ဆင်နည်း
********************
၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါးပိကြိုက်သူများငါးပိအနည်းငယ်ထည့်နိုင်၏။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
********************
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
အရိုးပြုတ်ရေများကို၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။ ပြီးနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်
********************
၄။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
ဒယ်အိုးကြီး
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။ ပြီးလျှင် ပြန်ဆူအောင် တည်ထားပြီမှ ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၆။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် အပေါ့အငံ့အတွက်ထည့်လိုက်ပါ။ ကြက်သွန်နီများ နူးသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ..
မူရင်းရေးသားသူနှင့် ပုံကို credit ပေးပါသည်။

