Ohn no khao swè အုန်းနို့ခေါက်ဆွဲချက်နည်း
အုန်းနို့ခေါက်ဆွဲချက်နည်း
-------------------------------------------
ရှယ်ကြီးပဲနော် Homemade![]()
![]()
![]()
ရာသီးမရွေး အချိန်မရွေး စားလို့အရမ်းကောင်းတဲ့ အုန်းနို့ခေါက်ဆွဲပါရှင့်။ အရမ်းစားကောင်းလို့ ချက်နည်းလေး ပြန်ရှယ်ပါရစေနော် ![]()
![]()
-------------------------------------------
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
........................
အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
ခေါက်ဆွဲဖတ် ၄၀ ကျပ်သား
အုန်းနို့နှစ် ၁၆၀ ဂရမ်
ကြက်သွန်နီ ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
ပဲအစိမ်းမှုန့် ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
ဆား စားပွဲတင်ဇွန်း တဝက်
ကြက်သားမှုန့် စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငံပြာရည် စားပွဲတင်ဇွန်း ၃ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ဇွန်း
ပဲကပ်ကြော် ၁၀ခု
မုန့်ကြွပ်ကြော် ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
ဘဲဥ ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
ငရုတ်သီး အကြမ်းမှုန့် အနည်းငယ်
သံပရာသီး ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ကြက်တောင်ပံ ရခု (အတုံးသေးများ တုံးထားပါ)
ကြက်သွန်နီ ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
ကြက်သွန်ဖြူ ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
ဂျင်း လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်
ဆား လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------------
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။
၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။
၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။
၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။
ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။
၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။#credit
![]()
![]()
![]()
![]()
![]()
ဒီတစ်ပတ် ရုံးပိတ်ရက်မှာ အုန်းနို့ခေါက်ဆွဲ စားကြမယ်လေ ![]()
![]()
![]()
မိသားစုတွေ အတူတူဝိုင်းလုပ်ကြရင်း နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်စရာကောင်းမှာ သေချာပါတယ်။ ပြီးတော့လည်း အုန်းနို့၊ သံပရာသီးနဲ့ ကြက်သွန်စိမ်းနံ့လေးတွေ ရောစပ်ပြီးရလာတဲ့ အုန်းနို့ခေါက်ဆွဲနံ့မွှေးမွှေးလေးကို မကြိုက်တဲ့သူမရှိလောက်ဘူးထင်ပါတယ် အခု အနံ့၊အရသာနဲ့ပြည့်စုံကောင်းမွန်တဲ့ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘယ်လိုချက်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
Like @ shareပါဝင်ပစ္စည်းများ
![]()
![]()
![]()
![]()
![]()
ခေါက်ဆွဲဖတ် ၃၀ ကျပ်သား
ကြက်သား (အရိုး၊ အသားရောလျက်) ၂၀ ကျပ်သား (ရေဆေးပြီး အတုံးအနေတော်တုံးကာ ကြက်သားမှုန့်နဲ့နယ်ထားပါ)
ချင်းအနည်းငယ် (ထောင်းထားပါ)
ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
ဆီ ထမင်းစားဇွန်း ၄ ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း (အသားနယ်ရန်နဲ့ ဟင်းရည်ထဲထည့်ရန် တစ်ဝက်စီသုံးပါ)
ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ပဲစိမ်းမှုန့် ၇၅ ဂရမ် (ရေ ၁၀၀၀ မီလီလီတာနဲ့ရောကာ မီးအေးအေးနဲ့ဖြည်းဖြည်းချင်းမွှေကာကျိုထားပါ)
အုန်းနို့ ၄၀၀ မီလီလီတာ (တစ်ဝက်ကို ဆီသတ်ချိန်ထည့်ပြီး ကျန်တစ်ဝက်ကိုဟင်းရည်ဆူမှထည့်ပါ)
ရေ ၁၀၀၀ မီလီလီတာ (ပဲရည်ကျိုရန်)
ကြက်ဥပြုတ် ၃ လုံး (မထူမပါးစိတ်ထားပါ)
ထည့်စားရန်
![]()
![]()
![]()
![]()
ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးပြီး ရေဆေးကာစစ်ထားပါ)
မုန့်ကြွပ်ကြော် ပန်းကန်လုံး ၁ လုံး
ငရုတ်သီးလှော် ထမင်းစားဇွန်း ၂ ဇွန်း (လိုသလောက်သာ ထည့်စားပါ)
သံပုရာသီး ၂ လုံး (အစိတ်လေးများ စိတ်ထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
၁။ အရင်ဆုံးကြက်သားချက်ပါမယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီဆူလာချိန်မှာ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ချင်းထည့်ပါ။ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ကာဆီသတ်ပါ။
၂။ ဆီသတ်တဲ့ အနံမွှေးလာချိန်မှာ ကြက်သားထည့်ပါ။ ကြက်သားအရည်လေးထွက်ပြီး မွှေးလာချိန်မှာ အုန်းနို့လောင်းထည့်ကာ ဆက်မွှေပေးပါ။ အဖုံးလေးခဏအုပ်ပြီး ဆီပြန်လာအောင်ထားပေးပါ။
၃။ ကြက်သားနဲ့ အုန်းနို့နံ့လေးမွှေးပြီး ဆီပြန်လာပြီဆိုရင် ကျိုထားတဲ့ပဲရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ကာမွှေပေးပါ။ ဆက်တိုက်မွှေပေးပြီး ဟင်းအရည်ပွက်လာတဲ့အချိန်မှာ ချန်ထားခဲ့တဲ့အုန်းနို့ကို
လောင်းထည့်ပါ။
၄။ ဟင်းရည်ပွက်လာရင် သကြား၊ ကြက်သားမှုန့်၊ ဆား၊ ကြက်ဥပြုတ်ထည့်ကာ မိမိလိုသလောက်အပျစ်
အကျဲရအောင် ဆက်တည်ထားပါ။ အရေးအကြီးဆုံးအချက်က ဟင်းအိုးဘေးမှာနေပြီး မွှေပေးနေဖို့ဖြစ်ပါတယ်။ အပေါ်ယံမှာဝေ့တက်လာတဲ့အဆီတွေကိုလည်း သတ်ချပေးနေဖို့လိုပါတယ်။
၅။ အရသာနဲ့ ဟင်းရည်အပျစ်အကျဲ မိမိစိတ်ကြိုက်အနေအထားရပြီဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အုန်းနို့ခေါက်ဆွဲလေးကို ရိုးရိုးရှင်းရှင်းပဲချက်ပြီးသွားပါပြီ။ ချက်ရတာ လွယ်ကူသလောက် စားရတာကြီးကတော့ Very Good ကြီးနော်
![]()
![]()
အုန်းနို့ခေါက်ဆွဲချက်တဲ့နေရာမှာ ကြက်သားကို CP ကြက်ထက်စာရင် ဗမာကြက်နဲ့ချက်တာ ပိုပြီး အရသာကောင်းပါတယ်။ အရေးအကြီးဆုံးအချက်က ကျိုထားတဲ့ပဲရည်လောင်းထည့်ပြီးတာနဲ့ ဆက်တိုက်မွှေပေးဖို့ပါ။ မမွှေပေးဘူးဆိုရင် အောက်ခြေမှာကပ်ပြီးတူးတတ်ပါတယ်။ အုန်းနို့နဲ့ချက်တာဖြစ်တဲ့အတွက် သွေးတိုးရောဂါအခံရှိတဲ့သူတွေ သတိပြုစေချင်ပါတယ်။ အုန်းနို့အစား Ready Made နို့စိမ်းဗူးကို အသုံးပြုလည်းရပါတယ်။
Credit all photo & posွ

