How to prepare Tea leaves for  Tea leaves salad in seven ways လက်ဖက်နှပ်နည်း(၇)မျိူး

How to prepare Tea leaves for Tea leaves salad in seven ways လက်ဖက်နှပ်နည်း(၇)မျိူး

လက်ဖက်နှပ်နည်း(၇)မျိူး

=================

👇👇👇

လက်ဖက်ချဉ်စပ်နှပ်

=============

လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်

အားနဲ့ညှစ်ချပါ။ဆား အချိူမှုန့် သံပုရာရည်

ကြက်သွန်ဖြူ ငရုပ်သီးစိမ်းညှပ်ထည့်ပြီး နှံ့အောင်မွှေပါ ပြီးမီဆီထည့်ပြီးစိမ်ပါ။

လက်ဖက်အညွှန့်နှပ်

=============

လက်ဖက်အညွှန်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး

ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ

ဆား၊ပုစွန်ခြောက်၊အချိူမှုန့်

ဆီထည့်ကာစိမ်ပါ။

ငရုပ်လက်ဖက်နှပ်

============

ငရုပ်သီး ကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ

လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ။ဆား၊ အချိူမှုန့်၊ သံပုရာရည်၊ ငရုပ်ထောင်းတို့ကိုထည်းပြီး နှံ့အောင်မွှေပါ

ပြီးမှဆီထည့်ပြီးစိမ်ပါ။

လက်ဖက်အညက်နှပ်

=============

လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညှက်နေအောင်ထောင်းထားပါ၊ ဆား အချိူမှုန့် ဆီပါရုံထည့်ပြီး

လုံးထားပါ၊စားကာနီးမှ လိုသလောက်ထည့်ပြီး သုပ်ပါ၊

လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ်

=====================

လက်ဖက်ကိုရေစင်အောင်ဆေးပြီး ညက်နေအောင်ထောင်းထားပါ၊ငရုပ်သီး ကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ၊ ထောင်းထားတာတွေ အကုန်ရောပြီး ဆား ဆီ အချိူမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ။

သံပုရာလက်ဖက်နှပ်နည်း

================

လက်ဖက်တွေကို အရိုးရင့်တွေဖယ်ပြီးရေနဲ့နှစ်ကြိမ်ဆေးပါတယ်၊ရေနွေးနဲ့ခဏထပ်စိမ်ထားရပါသေးတယ်၊

ဆေးတွေပြောင်အောင်လို့ပါ၊တစ်ကြိမ်ကိုသုံးမိနစ်လောက် ကြာအောင် ရေစိမ်ပြီးမှ ဆေးပါတယ်

ပြီးရင် ဆုံထဲ ထည့်ထောင်းပါတယ်

ကြက်သွန်ဖြူ ငရုပ်သီးစိမ်း

အချိူအငန် အရသာပါထည့်ထောင်းပါတယ်

အဆိမ့်အရသာဆိုရင်တော့ ငရုပ်သီးမထည့်ပါနဲ့

ကြက်သွန်ဖြူနဲ့သာ ထောင်းပါ၊

ချဉ်ငံစပ်အရသာဆိုရင်တော့ ...

ထောင်းပြီးသား လက်ဖက်တွေကို

သံပုရာသီး ငံပြာရည်

ငရုပ်သီးစိမ်း ပါးပါးလှီးလို့ ထပ်ထည့်ပါမယ်နော်။

စောင်းလျားသီးလက်ဖက်နှပ်

===================

ပုစွန်ခြောက် အရွယ်လတ်အကောင်သုံးဆယ်ခန့်

ငရုပ်သီးစိမ်း/နီ

ဆား အချိူမှုန့်

ကြက်သားမှုန့် အနည်းငယ်

စောင်းလျားသီး အချဥ်ကြိုက်လျှင် ကြိုက်သလိုအလုံးရေ များထည့်ပါ

ကြက်သွန်ဖြူ သံပုရာသီး

ပြုလုပ်နည်း

:::::::::::::::

1လက်ဖက်ကို ရေသုံးပြန်လောက်ဆေးပြီး ရေကုန်အောင် ညှစ်ထားပါ

2စောင်းလျားသီးကို မထူမပါးလှီးပြီး ဆားနှယ်ပါ

တတ်နိုင်သလောက် ရေကုန်အောင် ညှစ်ထုတ်ပါ

3ကြက်သွန်ဖြူကို ဓားပြားရိုက် နှုတ်နှုတ်စင်းပါ

4ပုစွန်ခြောက်မှုန့် ငရုပ်သီးစိမ်းတို့ကို ငရုတ်ဆုံတွင်

ထည့်ထောင်းပါ၊လက်ဖက်ပါထည့်ထောင်းပါ

5အချိူမှုန့် ကြက်သားမှုန့် ဆား ငံပြာရည် သံပုရာရည်တို့ကိုထည့်ထောင်းပါ အရသာတွေ လက်ဖက်ထဲဝင်သွားအောင် ခပ်ကြာကြာလေးထောင်းပေးပါ

6စိတ်တိုင်းကြပြီ ဆိုလျှင် စောင်းလျားသီးထည့်ပြီး

နာနာ ကြာကြာနှယ်ပေးပါ၊

7နောက်ဆုံးတွင် ကြက်သွန်ဖြူထည့်နှယ်ပါ

ဆီဝနေအောင် ဆမ်းလိုက်ရင် ရပါပြီနော်။

#Credittoorginaluploader and photo

Pay Cash On Delivery

It has service only orders for website